Saturday, October 27, 2007

su su nway lays a wreath in Rgn

စုစုနွေးက တကိုယ်တော် ပန်းခြင်းချ
ဒီဗွီဘီ ၊ ၂၇ ၊ အောက်တိုဘာ ၊ ၂ဝဝ၇

နအဖစစ်အစိုးရရဲ့ အကြမ်းဖက်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန် သတင်းထောက် မစ္စတာ နာဂါအိ အပါအဝင် ရဟန်းရှင်လူပြည်သူတွေအတွက် ရည်စူး ပြီး မစုစုနွေးက ဒီကနေ့ မနက်အစောပိုင်းက တလပြည့်အထိမ်းအမှတ် လွမ်းသူ့ပန်းခြင်း ချခဲ့ပါတယ်။

ဂျပန်သတင်းထောက်နဲ့ လူထုကို ပစ်သတ်ခဲ့တဲ့ အနော်ရထာလမ်းမပေါ်မှာ လွမ်းသူ ပန်းခြင်းချခဲ့တာပါ။ ကျောက်တံတားမြို့နယ် နယ်မြေခံရဲနဲ့ သတင်းတပ်ဖွဲ့တွေ ချထားတဲ့ကြားက လျှပ်တပြတ်ပြုလုပ်ခဲ့တာလို့ မစုစုနွေးက ပြောပါတယ်။ လုံခြုံရေး အခြေအနေအရ တကိုယ်တော်ပဲ သွားရောက်လုပ်နိုင်ခဲ့တယ်ဆိုပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့ နေရာတချို့မှာလဲ အလားတူ လွမ်းသူ့ပန်းခြင်းချတာတွေ လုပ်နိုင်ခဲ့ပါတယ်လို့လဲ မစုစုနွေးက ပြောပြသွားပါတယ်။

ဒီဗွီဘီက စုံစမ်းသိရသလောက် ဗကသများအဖွဲ့ချူပ်ဝင်တချို့ကလဲ ရန်ကုန်မြို့နေရာတချို့မှာ တလပြည့် လွမ်းသူ့ပန်း ခြင်းတွေ အထိမ်းအမှတ်စာရွက်တွေ ဖြန့် ဝေခဲ့တယ်လို့ သိရပါတယ်။

Read More...