Wednesday, August 29, 2007

interview on unrest in Kamarut Tsp

စုစုနွေးနှင့် ဆက်သွယ်မေးမြန်းချက်
၂၉ ၊ သြဂုတ် ၊ ၂ဝဝ၇ အေးနိုင် ၊ ဒီဗွီဘီ

မနေ့ကဖြစ်ပွားခဲ့တဲ့ ရန်ကုန် လှည်းတန်းလမ်းဆုံက ဆန္ဒပြပွဲအတွင်း ဦးဆောင်ပါဝင်ခဲ့သူ မစုစုနွေးနဲ့ ဆက်သွယ်မေးမြန်းချက် ဖြစ်ပါတယ်။ ပထမဆုံး မေးထားတာကတော့ မနေ့က ဆန္ဒပြပွဲ အတွင်းအမှန်တကယ် ဘာတွေဖြစ်ပျက်ခဲ့ပါသလဲဆိုတာကို အကျဉ်းချုံး ရှင်းပြပေးဖို့ ဖြစ်ပါတယ်။

“ဟုတ်ကဲ့ ဒီနေ့ကတော့ လှည်းတန်းဈေးထိပ်ကနေပြီးတော့ကျမတို့ ဒီ သမိုင်းဖက်ကို သွားတာပေါ့နော်။ လှည်းတန်းဖက်ကို ဈေးထိပ်ကနေပြီးတော့ (၁) နာရီထိုးမှာ စပြီးတော့ပေါ့ လမ်းလျှောက်တယ်။ လမ်းလျှောက်အချိန်မှာ (၁) နာရီထိုး စလျှောက်တဲ့ အချိန်မှာ ကျမ မရောက်သေးဘူး။ကျမကနေပြီးတော့ (၁) နာရီ ဆယ်မိနစ်မှာ ရောက်တယ်။ လျှောက်တဲ့သူက လျှောက်ထား ကျမကနေပြီးတော့ အချိန်ကို ခွာပြီးတော့ လာခဲ့မယ်လို့ ပြောထားခဲ့တာ။

(၁) နာရီထိုး ငါးမိနစ်လဲ ကြာတော့ သူတို့ စထွက်ကြတယ်။ စထွက်လာတဲ့ အချိန်မှာ ကျမကနေ ကားနဲ့ ပြန်ဝင်လာခဲ့တယ်။ သူတို့တော်တော်လေး ဒီဖက်ကို ရောက်လာပြီ။ ရောက်လာတဲ့ အချိန်မှာ ကျမက ကား တက်စီ ပေါ်ကနေဆင်းပြီးတော့ ကျမက ချက်ချင်း တခါထဲ သူတို့ စီကို ကျမက ရှေ့ကို ဝင်သွားတယ်။ ဝင်သွားတော့ ကျမလဲ လမ်းလျှောက်တယ်။ ကျမတို့ ဒီ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ လောင်စာဆီ တိုးမြှင့်မှုတွေ အပေါ်မှာ လူထုတွေရဲ့ ကိုယ်စား ကျမတို့ တွေ ဆင်းပြီးတော့ ငြိမ်းချမ်းစွာ လမ်းလျှောက်ပြီး ဆန္ဒပြ တောင်းဆိုပေးနေပါတယ်လို့ ပြောတယ်။ ကျန်တဲ့သူတွေကလဲ ပြောတယ်ပေါ့နော်။

အဲဒီ ကျမတို့ဒီ လမ်းလျှောက်တာ အလှမ်း (၃ဝ) လောက်ပဲ ရှိပါသေးတယ်ရှင့်။ ကျမတို့ကို ဝိုင်းတားကြတယ်လေ။ သူတို့ဖက်ကနေပြီးတော့ ။ ဝိုင်းတာတာတော့ တော်တော်တော့ အခြေအနေ ဆိုးဆိုး ပဲ။ အဲ ကျမတို့ကို အတင်းပဲပေါ့နော် ဆွဲ လှဲ အတင်းပဲတင်။ ကျမတို့ကို ဒီဖက်ကလဲ ကျမကို မပါရေး အကုန်လုံး ဝိုင်းဆွဲကြ ။ ဟိုဖက်ကလဲ ဝိုင်းဆွဲကြနဲ့ ကျမဆို ဆံပင်တွေလဲ ဖိုးရို့ဖားရားတွေ ဖြစ် ၊ ဖိနပ်တွေလဲ ကျွတ် အာ အကုန်ကို ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ရော ။ တချို့ကြတော့ကာ ချော်တယ်။ တုံးလုံးပက်လက်တွေ လဲသွား။ အဲဒီ လဲတဲ့အတိုင်းတွေ အတင်းပဲ ဆွဲပြီးတော့ အပေါ်ကို ကားပေါ်ကို အတင်းပဲ မြှောက်ပြီးတော့ တင်တာတွေ အကုန်လုံး တွေ့ရတယ်။ တော်တော်တော့ စိတ်မချမ်းသာ စရာပဲရှင့်။ တော်တော်လေး အခြေအနေ ဆိုးပါတယ်။ ဟိုပေါ့။ ဒီပြင်နိုင်ငံသားတွေရဲ့ ရှေ့မှာ ကိုယ့်နိုင်ငံသားတွေ ရဲ့ အခြေအနေကို အဲဒီလိုမျိုးတွေ့ရတော့ အဲဒါကို ကျမ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ”

ဟုတ်ကဲ့ မစုစုနွေး အခုနက သူတို့က ဆွဲတယ်ဆိုတော့။ သူတို့ဆိုတာ ဘယ်သူတွေလဲ ခင်ဗျ။

“အော် သူတို့ ဆိုတာ စွမ်းအားရှင်တွေရယ် ဒီ ပြည်သူ အယောင်ဆောင်ထားတဲ့ စွမ်းအားရှင်တွေရယ် ဒီ အာဏာပိုင်တွေကိုပြောတာပါရှင့်။ ဟို ကျမတို့ကို တားတဲ့ အထဲမှာ ပြည်သူ့ရောင်ဆောင်ထားတဲ့ စွမ်းအားရှင်တွေပေါ့ အာဏာပိုင်တွေက တားတာပါ။ ကျမတို့ကို မတရား တားနေတဲ့အချိန်မှာ ပြည်သူလူထုထဲက ဦးလေးသုံးယောက်ကနေပြီးတော့ ကျမဆီကို ရောက်လာပါတယ်။ ရောက်လာပြီးတော့ ကျမတို့ ရှေ့ကနေ ကာပြီးတော့ မင်းတို့ မတရား မလုပ်ကြနဲ့ ငါတို့က ပြည်သူအစစ်တွေကွ အကြမ်းမဖက်ကြနဲ့ မတရားမလုပ်ကြနဲ့လို့ ဆိုပြီး ကျမတို့ရှေ့ကနေ ဝင်တားပေးပါတယ်ရှင့်။”

ဘယ်နှယောက် ဖမ်းခံထိသွားလဲ မစုစုနွေးသိပါသလားခင်ဗျ။
“အဲ အိုးဝေ အပါအဝင် (၈) ယောက် အဖမ်းခံရတယ်ရှင့်။ ကျမတို့ ရှေ့တင် ဖမ်းသွားတဲ့ သူတွေပါရှင့်။ ”

မစုစုနွေးက အဲဒီမှာ သတိလစ် မေ့မြောသွားတယ်လို့ သိရပါတယ်ခင်ဗျ။ အဲဒါရော ဘယ်လိုဖြစ်တာလဲ ခင်ဗျာ။
“အဲဒါက သတိမေ့သွားတာ မဟုတ်ပါဘူးရှင့် ။ ကျမက နှလုံးအားနည်းပြီးတော့ ဆေးနေ့တိုင်း ချိတ်နေရတာ။ ဒီနေမှ ကျမ နလန်ထကစပဲ ရှိတယ်လေ။ ထမင်းက သိပ်မစားနိုင်ဘူး ကျမက ။ အရည်လောက်ပဲ ကျမသောက်နေတာ။ အဲ ဟိုရောက်တော့ ကျမရောက်ရောက်ချင်းပဲ အသက် တအားပဲ တကယ်ကိုယ့် အူရား ဖားရားပေါ့။ ဝင်ဆွဲ အတင်းနင်းက ±ုန်းရင်းဆန်ခတ် ။ ကျမအစ်ကိုတွေတွေကလဲ ကျမမပါရေး ကျမကိုယ်လုံးလေးကို အကုန်လုံး ဝိုင်းပြီးတော့ဖက် သိမ်းဖက်ပြီးတော့ ထာားတယ်။ သူတို့က ပြန်ဆွဲ ကျမကို ။ ပြန်ဆွဲ ။ ပြန်ဆွဲ ။ သူတို့က ပြန်ဆွဲ ။ ကျမက ကြားထဲမှာ လုံးလယ်------လိုက်နေတယ်။

အဲဒီကြားထဲမှာ ကျမက နေပြီးတော့ ကျမတို့ လူထုတွေရဲ့ ကိုယ်စား ကျမတို့ တောင်းဆိုမှုတွေကို ကျမက ပါးစပ်ကလဲ ပြောနေတယ်။ ကျမအစ်ကိုတွေ ပါသွားတော့လဲ ကျမက မီအောင်ပေါ့နော်။ ကျမက အားလေးနဲ့ ဝင်ဆွဲ ။ ဝင်ဆွဲတော့ ကျမမောင်လေးတွေက ကျမကို ရှေ့ကျော်သွားမှာစိုးလို့ လက်နဲ့ပြန်ဆွဲ ။ ကျမကလဲ ပြန်ပြောဆိုတော့ ရောဂါသည်ရှင့်။ ဟိုလူကဆွဲ ဒီလူကဆွဲ ။ ကြားထဲမှာ ရောက်ရက်ခတ်နေတယ်။ ကျမ အရမ်းမောလာတယ်။ မောလာပြီးတော့ တခါထဲ မိုက်ကနဲ မိုက်ကနဲ နဲ့ ခေါင်တွေက တအားမူးလာတယ်။ မူးလာပြီးတော့ အဲဒီအချိန်မှာ ကိုအိုးဝေက ပစ်လဲသွားတယ်။ ကိုအိုးဝေက ပစ်လဲသွားတယ်။ ကိုအိုးဝေက ပစ်လဲတဲ့အတိုင်း ကြီးကိုတခါထဲ လုံးချည်တွေကျွတ် ဘာတွေကျွတ်နဲ့ ကားပေါ်တင်လိုက်တယ်။ ကျမတော်တော် စိတ်မကောင်းပါဘူး။

အဲဒါနဲ့ တခါထဲ ကျမမောင်လေးတွေက ကျမကို တခါထဲ ဆုတ်ဆုတ် ဆုတ်ဆုတ် ပြီးတော့ ကျမပါမှာ စိုးလို့ အတင်းပဲ ဆွဲပြီးတော့ နောက်ကို ဆုတ်သွားတဲ့အချိန်မှာ ကျမကလေ ကျမ အစ်ကိုတွေရှေ့မှာ ဆွဲနေတယ်။ ဆွဲပြီးတော့ အဖမ်းခံရတာကို ကျမကလဲ ရှေ့ကိုတိုး ။ ကျမမောင်လေးတွေက နောက်ကို အတင်းပဲ ပြန်ဆွဲ နဲ့ဆိုတော့ ။ ကျမ ခေါင်းမူး။ မေ့သွားတာ မဟုတ်ပါဘူး။ ကျမ အရမ်းမောပြီးတော့ စိတ်လဲ အရမ်းလှုပ်ရှားပြီးတော့ မူးသွားတာ။ မူးသွားတော့ ရှေ့ကို မိုက်ကနဲ ဆိုဖြစ်သွားတယ်။

ကျမမေ့သွားမှာစိုးလို့ ကျမစိတ်ကိုကျမ ထိန်းပြီးတော့ သူတို့ရှေ့မှာ ဘယ်တော့မှ အလဲ မခံဘူးဆိုပြီးတော့ စိတ်ကိုချက်ချင်း ပြန်တင်းပြီးတော့ စကားမပြောတော့ပဲနဲ့ စိတ်ကို အသာလေးပြန်လျှော့ ချထားပြီးတာ့ အဲ မောင်လေးတွေက အတင်းပဲ တခါထဲ ဆွဲခေါ်သွားတယ်။ ကျမခြေထောက်မှာ ဖိနပ်လဲ မပါဘူး။ တရွက်တရွက်နဲ့ သူတို့ဆီ ပါသွားတယ်။ မောင်လေးတွေက ထိုးပွေ့ထားတာပါ။ ကျမ အကုန်သတိရနေပါတယ်။ ကျမ အကုန်သိနေပါတယ်။ သူတို့ဖက်ကနေပြီတော့ လက်ခုတ်တွေ တီးတယ်။နောက်တော့ ကျမ အဲလိုဖြစ်သွားတဲ့ အချိန်မှာ သျူတို့ဖက်ကနေ နောက်ကနေ လိုက်မလာရဲတော့ပါဘူး။ ”

ဟုတ်ပါပြီ မစုစုနွေးခင်ဗျား။ အခုလို အကြမ်းဖက်ပြီးတော့သူတို့ဆိုတဲ့ စွမ်းအားရှင်တွေက ပေါ့နော်။ ကြံ့ဖွတ်တွေကေနပြီးတော့ နှောက်ယှက်တဲ့အပေါ်မှာ မစုစုနွေးအနေနဲ့ ဘာပြောချင်လဲ ခင်ဗျ။
“အဲ ကျမပြောချင်တာပေါ့။ ကျမတို့ နိုင်ငံဆိုတာ အခုပေါ့နော် ။ စစ်အာဏာရှင်တွေက လမ်းတွေမှာလဲ ရေးထားတယ်။ ဒီမိုကရေစီ နိုင်ငံသစ်စီသို့ ဆိုပြီးတော့ အဝေးပြေးလမ်းမေတွေမှာ ရေးထားတာ ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံဆိုတာ ဒီမိုကရေစီ နိုင်ငံစာလုံးပေါ်မှာ ပိတ်ဖြူပေါ်မှာ စာလုံးတင်ပြီး ရေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာမျိုးက ကိုယ့်အခွင့်အရေးတွေ ကိုယ့်ဆန္ဒတွေကို ဖော်ထုတ်ပိုင်ခွင့်ရှိပါတယ်။ အဲလို ဖော်ထုတ်ပိုင်ခွင့်မရှိဘူး လူ့အခွင့်အရေး အဲလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း ချိုးဖောက်နေမယ်ဆိုရင် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ ဆို့တဲ့ စာတမ်းကိုဖြုတ်ဖို့ အချိန်တန်နေပြီလို့ ကျမပြောချင်ပါတယ်။ ကျမတို့ နိုင်ငံမှာ အခုလိုမျိုး အကြမ်းဖက်မှုတွေ အခုလိုမျိုး ပြည်သူအချင်းချင်းကို ပေါ့နော်။ အတင်း အားရဆကသအးမ အကြမ်းဖက်နိုင်နင်းမှုတွေ အားလုံးကို ရပ်တန့် ရပ်စေချင်ပါတယ်လို့ ကျမပြောချင်တယ်ရှင့်။ ”

ဟုတ်ကဲ့ ခင်ဗျ။ အခုဒီဖြစ်စဉ်မှာ တချို့က ပြည်သူတွေက ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် အများစုအနေနဲ့ ပေါ့နော် ပါလဲ ပါချင်တယ်။ တအုံနွေးနွေးနဲ့ ဖြစ်နေတဲ့ အပေါ်မှာ ရဟန်းသံဃာ ပြည်သူလူထု အပေါင်းကိုရော အမက ဘာပြောချင်လဲ ခင်ဗျ။
“အဲ ကျမတို့ ပေါ့နော်။ ကျမတို့ ပြည်သူလူထုတွေက အခုဆိုရင် ရှေ့တိုးလာတဲ့ ပြည်သူလူထုတွေ ရှိသလိုပေါ့။ ရှေ့ကိုမတိုးရဲပဲနဲ့ နောက်ကနေကြည့်ပြီးတော့ အားပေးတဲ့ ပြည်သူလူထုတွေလဲ ကျမတွေ့ရပါတယ်။ အကြောက်တရားကြီးပြီးတော့ လုံးဝ မထွက်ရဲတဲ့ ပြည်သူလူထုကိုလဲ ကျမတွေ့ရပါတယ်။ အဲ နောက်တခုက ရှေ့လဲ တိုးလာတယ်။ ဟိုပေါ့ နောက်ကလဲ နေချင်တယ်ဆို ရှေ့တိုးရမလို နောက်ဆုတ်ရမလို ဖြစ်နေတဲ့ ကျမတို့ ပြည်သူလူထုကိုလဲ ကျမတို့ တွေ့ရပါတယ်။ အဲလိုမျိုးပေါ့နော်။ ပြည်သူလူထုတွေ ကျမတို့ ပြောချင်တာကတော့ ဒီစစ်အာဏာရှင်တွေက ပြည်သူလူထုတွေ အားလုံးကို မြန်မာနိုင်ငံပြည်သူလူထုတွေ အားလုံးကို အကြောက်တရားကြီးမားအောင် အမျိုးမျိုး ဖိနှိပ် ချုပ်ချယ်ထားတယ်ဆိုတာ ကျမတို့လဲ သိပါတယ်။ ဒါပေမဲ့ ကျမတို့လဲ ကြောက်ကြပါတယ်။ ကျမတို့လဲ ကြောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမဆို ကျန်းမာရေးလဲ မကောင်းပါဘူး။ ကျမတို့လဲ ကြောက်ပါတယ်။ ကြောက်ကြောက်နဲ့ ကျမတို့ အခွင့်အရေးတွေကို ကျမတို့ပေါ့။ ရချင်တယ်။လိုချင်တယ်ဆိုရင် ကြောက်ကြောက်နဲ့ ကျမတို့ မျက်လုံးဖွင့်ပြီးပေါ့နော်။ ကျမတို့ အခွင့်အရေးကို ကျမတို့ တောင်းဆိုကြမယ်။ တနိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအားလုံးဟာပေါ့နော် ။ တစည်းထဲ တလုံးထဲ ညီညီညာညာနဲ့ပေါ့။ထွက်လာပြီးတော့ မိမိအခွင့်အရေးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျမတို့ တောင်းဆိုကြမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ကျမတို့ အခွင့်အရေးတွေ စီးပွားရေး ကြပ်တည်းမှုတွေ အားလုံးဟာ လွှတ်မြောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ပေါ့။ ကျမတို့ပေါ့နော်။ ပြည်သူလူထုတွေ အားလုံးဟာ အကြောက်တရားတွေကို မျက်လုံးဖွင့်ပြီး ကြောက်ပြီးတော့ မိမိအခွင့်အရေးတွေ မိမိ တောင်းဆိုကြမယ်ဆိုရင် ကျမလိုချင်တဲ့ အခွင့်အရေးတွေ ရမှာဖြစ်ပါတယ်လို့ ကျမပြောချင်ပါတယ်။

” ရန်ကုန် လှည်းတန်းဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူ မစုစုနွေးက ပြည်သူတရပ်လုံး ကိုယ်အခွင့်အရေးအတွက် ကိုယ်တိုင်ပါဝင်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်နေပြီဖြစ်တဲ့အကြောင်း တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

မစုစုနွေးအပါအဝင် အမျိုးသမီးတွေ အပေါ်ဒီလိုမျိုးနှောက်ယှက် တားဆီးနေတာနဲ့ ပတ်သက်ပြီး နယ်စပ်အခြေစိုက် မြန်မာအမျိုးသမီး သမဂ္ဂက ဘီဒဗလျူယူက ဝေဖန်တဲ့ ကြေငြာချက် တဆောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေငြာချက်နဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦး ဖြစ်သူ နိုးနိုးထက်စံ က အခုလို ပြောပြထားပါတယ်။

“ဒီကြေညာချက်မှာတော့ အရဆကသအိးက ကျမတို့က ဒီ (၈၈) မျိုးဆက် အမျိုးသမီးတွေ အထူးသဖြင့်ပေါ့နော်။ သူတို့ လုပ်တဲ့လုပ်ဆောင်ချက်တွေကို ကျမတို့ ဂုဏ်လဲ ယူတယ်။ နောက် ထောက်လဲ ထောက်ခံတယ်။ အားလဲ ပေးတယ်ပေါ့။ နော်။ နောက်တချက် ကြတော့ ဒီလို အမျိုးသမီးတွေ ဒီလို လှုပ်ရှားမှုမှာ ပါဝင် ပတ်သက်နေတဲ့ကိစ္စကို နအဖကနေပြီးမှ ကြံ့ဖွတ်ပဲပြောပြော ပိုက်ဆံပေးပြီးမှ ခေါ်တဲ့သူတွေကိုပဲ ဖြစ်ဖြစ် စေခိုင်းတဲ့ကိစ္စရယ် ။ အမျိုးသမီးတွေက အိမ်ကနေတကွဲတပြား ဖြစ်နတဲ့ ကိစ္စရယ်။ လုံခြုံနိုင်ငံမှာ အမျိုးသမီးတွေ ရှောင်တိန်းနေရတဲ့ ကိစ္စတွေဟာ သူတို့ အတွက်က တော်တော်ကိုအခက်အခဲ ဖြစ်တယ်လေ။ အဲဒီအတွက်ကို ကျမတို့ ဒီ မြန်မာ့ အမျိုးသမီးများသမဂ္ဂကနေပြီးမှ ရှုတ်ချတယ်ပေါ့။ နအဖကနေပြီးမှ ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲပေါ့။ နောက်ပြီးတော့ အမျိုးသမီးတွေကို (၁) အချက်က ကာအိနြေ္ဒ ပျက်စီးအောင်လုပ်တယ်။ (၂) အချက်က အကြမ်း ဖက်တယ်။ ဒီကိစ္စမျိုးတွေကို ကျမတို့ ခွင့်မပြုဘူး။ ဘာဖြစ်လို့လဲ ခွင့်မပြုလဲ ဆိုတော့ ဒီနအဖ ကိုယ်တိုင်က နိုင်ငံတကာ စာချုပ်စာတမ်းတွေကို လက်မှတ်ရေးထိုးတယ်။ အဲဒီအထဲမှာ အထူးသဖြင့် ဆီဒေါ ကိစ္စမျိုးတွေ (၁၃၂၅)ဆုံးဖြတ်ချက် လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အရဆိုလိုရှိရင် ဒီအမျိုးသမီးတွေ ဒါမျိုးကို လုပ်ခွင့်ကို ဒါမျိုးလုပ်ခွင့် မပေးဖို့ကိုမှ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် (၁၃၂၅) တောင် ပြထားတာတွေ ရှိတယ်။ ဆီဒေါမှာလဲ တပြိုင်ထဲ ဒီအချက်တွေကို လုပ်ထားတာတွေရှိတယ်။ ဒါကို နအဖက လုပ်တာဆိုတော့ ကျမတို့က ကန့်ကွက်တယ်။ ရှုတ်ချတယ်။ မြန်မာနိုင်ငံ အမျိုးသမီးရေး ရာအဖွဲ့ကတော့ ဘာဖြစလို့ ဒီကိစ္စကို လက်ပိုက်ကြည့်နေသလဲ။ ဒီကိစ္စတွေကို ကျမတို့က ပြန်ပြီးတော့ အကာအကွယ်လုပ်ပေးဖို့ တောင်းထား ပြောထားတယ်ပေါ့နော်။ ”

မြန်မာအမျိုးသမီးသမဂ္ဂမှ နိုးနိုးထက်စံ ဖြစ်ပါတယ်။ ဒါအပြင် ဒီကြေငြာချက်ထဲမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး နေအိမ်တွေကနေတိမ်းရှောင်နေရတဲ့ (၈၈) မျိုးဆက်ကျောင်းသူ မနီလာသိန်းနဲ့ မမီးမီးတို့နဲ့ အမည်နဲ့တကွဖော်ပြထားပြီး သူတို့ရဲ့လုံခြုံရေးအတွက်၊ အထူးသဖြင့် တလသား အရွယ်ကလေးငယ်ကို ထားပြီး တိမ်းရှောင်နေရတဲ့ မနီလာသိန်း အတွက် လူသားချင်းစာနာတဲ့ ရှုဒေါင့်ကနေ အမြန်ဆုံး ဖြေရှင်းပေးဖို့လဲ သီးသန့်တောင်းဆိုထားတာ တွေ့ရပါတယ်၊၊

Read More...

Sunday, July 8, 2007

DVB and 3 women talk

အကြောင်းတရားမှ ကင်းဝေးရေး စကားဝိုင်း
ဒီဗွီဘီ ၊ ၈ ၊ ဇူလိုင် ၊၂ဝဝ၇

အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြသလို မြန်မာနိုင်ငံအတွင်းမှာလဲ ဒီနှစ်အတွင်းမှာ တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာနေတာ တွေ့ရပါတယ်။ ဒီဖြစ်ထွန်းမှုအပေါ်မှာ အခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာရေးအတွက် ဘယ်လို ချဉ်းကပ်မှုအသစ်တွေ ရှိလာမလဲဆိုတာ သိရအောင် မစုစုနွေးနဲ့ မဖြူဖြူသင်းကို ဒီစကားဝိုင်းကို ဖိတ်ခေါ်ထားပါတယ်။

မစုစုနွေးဟာဆိုရင် အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့ တရားစွဲခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာသာမကဘဲ နိုင်ငံပြင်ပမှာပဲ ထင်ပေါ် ကျော်ကြားနေသူ တဦးဖြစ်ပါတယ်။ သူဟာ ထန်းမနိုင်ရွာက သတ္တိရှင်မလေးလို့တောင် တင်စားခေါ်ဝေါ်ခံရသူလဲ ဖြစ်ပါတယ်။

မဖြူဖြူသင်းဆိုရင်လဲ အေ့စ်ဝေဒနာသည်တွေကို စေတနာအပြည့်နဲ့ ကူညီနေသူ၊ သူကူညီပေးနေတဲ့ လူနာတွေက လေးစားကြည်ညိုလွန်းပြီး မိခင်ကြီးရယ်လို့တောင် တင်စား ခေါ်ဝေါ်ခံနေရသူပါ။ ထိန်းသိမ်းရေးစခန်းတွေဆီကနေ ပြန်လည် လွတ်မြောက်လာကြတဲ့ သူတို့ဟာ ဒီပဲယင်း အကြမ်းဖက်ခံရကတည်းက နေအိမ် အကျယ်ချုပ် ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝတ်ပြုဆုတောင်းရင်းနဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူတွေလဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျဉ်းကျနေတဲ့ ကာလတွေမှာ လူသိများ ထင်ရှားလာတဲ့ အမျိုးသမီး သူရဲကောင်းတွေလို့ ပြောရင်လဲ ရနိုင်ပါတယ်။ တနည်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားဆောင်ရွက်ခွင့်မရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ အကြောက်တရားက ကင်းဝေးရေးဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ ကျင့်သုံးနေသူလို့ ပြောရမှာပါ။

သူတို့နှစ်ဦးအပြင် ဒီစကားဝိုင်းမှာ ပါဝင်နိုင်ဖို့အတွက် ဖိတ်ကြားထားတဲ့ နောက်တဦးကတော့ (၈) လေးလုံး အရေးတော်ပုံကြီးအပြီး မြန်မာနိုင်ငံ ပြင်ပကို ထွက်ခွာလာသူ ဒီမိုကရေစီအရေးနဲ့ အမျိုးသမီးအရေး ကိစ္စတွေကို ဆောင်ရွက်နေသူ မဆူးပွင့်ပဲ ဖြစ်ပါတယ်။

ဒီဗွီဘီ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆိုပြီးတော့ ထောင်မကြောက်၊ တန်းမကြောက်ဘဲ ဘာဖြစ်လို့ အမျိုးသမီးတွေလဲ ဖြစ်တယ်၊ ကျန်မာရေး အခြေအနေကလဲ ကိုယ်စီ ရောဂါ ရှိနေပါလျက်နဲ့ ဒီလှုပ်ရှားမှုမှာ ဘာဖြစ်လို့ ဦးဆောင် လှုပ်ရှားနေရတာလဲ၊ ဒီမေးခွန်းကို မစုစုနွေးက အရင် ဖြေကြားပေးပါ။

မစုစုနွေး။ ။ “ကျမတို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေက အများကြီးပဲ အဲဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မဲ့သူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတယ်လေ။ အန်တီကို ဖမ်းဆီးထိန်းသိမ်းထားသမျှ ဒီပြဿနာတွေဟာ မပြေလည်နိုင်ဘူးဆိုတာကို ကျမတို့ ယုံကြည်လေ။ အန်တီကို အမြန်ဆုံးလွှတ်၊ တွေ့ဆုံဆွေးနွေးပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်မှ ကျမတို့ မြန်မာနိုင်ငံ အတွက်ဟာ ကောင်းစားမှာ ဖြစ်တဲ့အတွက် ကျမတို့ အန်တီကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

ဒီဗွီဘီ ။ ။ မစုစုနွေး ဆွေးနွေးသွားသလိုမျိုး မဖြူဖြူသင်း အနေနဲ့ကရော မစုစုနွေး ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကတော အရေးကြီးပါတယ်။ ကျန်တဲ့ဟာတွေကရော ဘာတွေ အရေးကြီးတယ်လို့ ထင်ပါသလဲ။

မဖြူဖြူသင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်ကတော့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်အတွက်မှာ သူမပါလို့ရင်ကို တိုင်းပြည်ရဲ့ အပြောင်းအလဲရော၊ တိုင်းရင်းသားတွေ အခွင့်အရေးရော ရရှိအောင် သူပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အန်တီ အပါအဝင် တခြား လွှတ်တော်ကိုယ်စားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ထောင်ထဲမှာ မတရား အကျဉ်းချခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အားလုံးဟာလဲ သူ့ဟာနဲ့သူ အရေးကြီးပါတယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ အားလုံး စုပေါင်းပြီးတော့ ပြုလုပ်မှပဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။”

ဒီဗွီဘီ ။ ။ အခု ဆွေးနွေးသွားတဲ့ မဖြူဖြူသင်းနဲ့ မစုစုနွေးတို့ ဆွေးနွေးချက်တွေ အပြင် မဆူးပွင့်ကရော မြန်မာပြည်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ တချို့ဆိုရင်လဲ အသက် (၇ဝ) ကျော် အဖွားအိုတွေတောင် ပါတယ်ပေါ့နော်။ ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အပေါ် ဘယ်လိုမျိုး ပြည်ပရောက်တဲ့ အမျိုးသမီး တယောက် အနေနဲ့ အမြင်ရှိလဲ

မဆူးပွင့်။ ။ “ကျမ အနေနဲ့ မစုစုနွေးတို့ မဖြူဖြူသင်းတို့ ဦးဆောင်ပြီးတော့ ပြည်တွင်းမှာ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို လှုပ်ရှားနေတဲ့ အပေါ်မှာ အင်မတန် အားရမိတယ်၊ ဝမ်းသာဂုဏ်ယူမိတယ်ဆိုတာကို ပထမဦးဆုံး ပြောချင်ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပထမဆုံး နအဖ အနေနဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ဆိုတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ဆိုတာက ပထမဦးဆုံး လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

ဒီအပေါ်မှာ ပြည်သူထု တရပ်လုံးက ပါဝင်ပြီးတော့ လူထုခေါင်းဆောင်တွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းကြတယ်ဆိုတာက ဒီကနေ့ ဒီအချိန်မှာ အင်မတန် သင့်တော်တဲ့ ကိစ္စပါ။ ပြီးတော့ နိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဒီလို ဖြစ်ထွန်းလာအောင် ဆက်လက် ကြိုးစားသွားဖို့ လိုအပ်နေတယ်။ အတွင်းရော၊ အပြင်ရော ညီညီညွတ်ညွတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ဖို့အတွက် တက်တက်ကြွကြွ ကြိုးစားသွားဖို့ လိုနေတယ်။ တပြိုင်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ လှုပ်ရှားနေတဲ့ တက်ကြွမှုမျိုး၊ တိုင်းရင်းသား ပြည်နယ်တွေမှာလဲ ဒီလို အစပျိုးမှုမျိုးတွေ အစပျိုးနိုင်သလောက် စပြီး အစပျိုးနိုင်ရင် ကောင်းမယ်လို့ ကျမအနေနဲ့ ထင်မြင်ပါတယ်။ အဲဒီအပေါ်မှာလဲ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ အမြင်လေးတွေ သိချင်ပါတယ်။”

“တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလဲ တကယ့်တကယ်ဆိုရင် အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ဒီမှာ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက်လဲ ပါပါတယ်။ အားလုံး လွတ်မြောက်မှ အားလုံး စုပေါင်းပြီးတော့ တိုင်းပြည်အတွက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေအရဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာလဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရော တိုင်းရင်းသားတွေ အနေနဲ့ရော တက်တက်ကြွကြွတွေ လုပ်ဆောင်လာတာ အခုနောက်ပိုင်းဆို တွေ့နေရပါတယ်။ ဥပမာဆို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာဆို လူအင်အား တော်တော်များများနဲ့ ခမ်းခမ်းနားနားလဲ ကျင်းပနိုင်ခဲ့တယ်၊ အခု အာဇာနည်နေ့လို့ အခမ်းအနားတွေမှာလဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ခမ်းခမ်းနားနား စည်စည်ကားကားနဲ့ အားလုံး စဉ်းစားနိုင်ဖို့အတွက်ကို အားလုံး ပြင်ဆင်နေကြပါတယ်။”

“ကျမတို့ ပြည်တွင်းမှာက အခက်အခဲတွေက တအားပဲလေ။ ကျမတို့ ရင်ဆိုင်နေရတာ အားလုံးလဲ အသိပဲလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့အခါမှာ တချို့ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အသီးသီးတွေမှာ အားရဝမ်းသာနဲ့ ညီမတို့ကို လှမ်းပြီးတော့ ဖုန်းဆက်တာတွေ၊ ဘာတွေ ရှိတယ်လေ။”

ဒီဗွီဘီ ။ ။ နောက်တခု ဆက်မေးချင်တာက အခု သတိပြုမိတာက မြန်မာနိုင်ငံထဲက ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အခါမှာ မေလကဆိုရင် ရက်စက်ပေါ့။ အခုဆိုရင် အပတ်စဉ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသ အသီးသီးမှာ လုပ်နေဆဲ ဖြစ်တယ်ပေါ့။ ဒီလို လှုပ်ရှားမှုတွေမှာ ဥပမာအားဖြင့် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာဆိုရင် ဝတ်ပြုပွဲ သွားပြီးအပြန်မှာ အမျိုးသမီး (၄) ယောက် ဂွနဲ့ ပစ်ခံရပါတယ်၊ မန္တလေး မတ္တရာမြို့နယ်မှာဆိုရင်လဲ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ဟာ သံလက်သီးနဲ့ အထိုးခံရတယ်၊ ပြီးတော့ မကွေးတိုင်းမှာဆိုရင်လဲ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းမြင့်ကို ဂွနဲ့ပစ်ခံရတယ်ဆိုတော့ တရားခံတွေကိုတော့ မမိသေးဘူးပေါ့။ ဒါ ပြည်တွင်းက အဖြစ်အပျက်ပါ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာရောက်နေတဲ့ လူတွေကရော ဝတ်ပြုဆုတောင်းပွဲတွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါင်းစဉ်တခုထဲအောက်မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်လို့ မရနိုင်ဘူးလား။ အဲဒါနဲ့ ပတ်သက်ပြီး ပြည်ပရောက်နေတဲ့ မဆူးပွင့်က နည်းနည်း ရှင်းပြပေးပါလား။

“ကဲ ကျမအနေနဲ့ကတော့ တခုဆွေးနွေးချင်တာက ကျမတို့က ဒီနေ့ ပြောတယ်ပေါ့နော်။ ဒီ ပြည်သူတရပ်လုံးရဲ့ သဘောထားဆန္ဒတွေကို ကျမတို့ ဖော်ထုတ်ဖို့လိုနေတယ်။ ပြည်သူတရပ်လုံးက ဘာပဲပြောပြော နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို သွားဖို့အတွက် မျှော်လင့် တောင့်တနေကြတယ်ပေါ့နော်။ ဒီလို အခြေအနေမျိုးတွေမှာ ကျမ အခု အစ်မ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ ဦးဆောင်လှုပ်ရှားနေတဲ့၊ လူထုသဘောထားဆန္ဒဖော်ထုတ်တဲ့ အစီအစဉ်လေးတွေကို ဆန့်ကျင်တဲ့အနေနဲ့ လက်ရှိစစ်အစိုးရဟာ ဆိုလို့ရှိရင် နောက်ထပ် ဒီလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ပြည်သူတွေ ဆိုပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ ဒီလို တန်ပြန်လှုပ်ရှားမှုတွေနဲ့ လူထုအချင်းချင်းကို အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီးတော့ တိုက်ခိုင်းအခွပ်ခိုင်းတဲ့ ကိစ္စမျိုးတွေ၊ ဖြစ်နေတဲ့အပေါ်မှာ ကျမတို့ ဒီလိုလူတွေကို ဘယ်လို နည်းလမ်းမျိုးနဲ့ စည်းရုံးနိုင်မလဲပေါ့နော်။ ဆိုတော့ သူတို့တွေကို ကျမတို့အနေနဲ့ ဒီလိုမျိုးတကယ့် လူထုသဘောမျိုးအတိုင်း ရပ်တည်ဖို့အတွက် ဒီ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းပို့နိုင်တဲ့ နေရာတွေမှာ ဖိအားတရပ်အနေနဲ့ ပါဝင်လာနိုင်ဖို့ ဘယ်လိုစည်းရုံးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ထားနိုင်ပါသလဲရှင်။”

“ဟုတ်။ အဓိက ကတော့ အခု လက်ရှိအခြေအနေအရ ဆိုလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေရော၊ နောက် စစ်တပ်တွေရော၊ အားလုံးပေါ့နော်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ တချို့တတွေတော့ ရှိတာပေါ့နော်။ တချို့တတွေကတော့လဲ ခိုင်းတာလုပ်၊ ပေးတာယူ ကျွေးတာစားပေါ့နော်။ အဲလိုလူမျိုးတွေလဲ ရှိနေသေးတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အနေနဲ့ စိတ်ရှည်ရှည်ထားပြီးတော့ ကျမတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်တယ်။ ကျမတို့ဟာ အားလုံးအတွက်လုပ်ဆောင်နေတဲ့ဟာ ဖြစ်တယ်ဆိုတာကို သူတို့တတွေအားလုံးသိအောင် ကျမတို့တတွေ ပိုပြီးလုပ်ပြနိုင်ဖို့လိုပါတယ်။ နောက်အခါကျရင် သူတို့လုပ်ဆောင်ချက်တွေက မှားနေမှန်း သူတို့သိလာတဲ့ အခါကျရင် သူတို့ဟာသူတို့ ပြင်လာမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေအထိရောက်အောင် ကျမတို့က ကြိုးစားဖို့လိုပါတယ်။”

ဟုတ်ကဲ့ အခုဟာက အခုမေးမဲ့ မေးခွန်းလေးကတော့ ဒီအစိုးရထုတ်သတင်းစာတွေမှာပေါ့နော်၊ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့အတွက် ဝတ်ပြုဆုတောင်းပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ပြန်လွှတ်တဲ့ သတင်းမှာ ဒီလူတွေဟာ အလုပ်မရှိအကိုင်မရှိ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေဆိုပြီးတော့ ရေးသားတဲ့အပေါ်မှာရော ကိုယ်တိုင်အတူတူ အဖမ်းဆီးခံရပြီးတော့ အဲဒီလိုမျိုးအပြောခံရတဲ့ အပေါ်မှာရော။ ဘယ်လိုမျိုးတုံ့ပြန်ချင်ပါသလဲခင်ဗျ။

“ကျမတို့ သူတို့စွပ်စွဲသလို အလုပ်မရှိအကိုင်မရှိ မဟုတ်ပါဘူး။ ကျမဆိုရင်လဲ ကျမတို့ရုံးချုပ်မှာ အလုပ်တွေ အများကြီးရှိတယ်။ အဲလိုပဲ ကျမ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ပတ်သက်ပြီးတော့လဲ နေ့စဉ်နှင့်အမျှ ကျမတို့ လုပ်ပေးနေရတာတွေရှိပါတယ်။ မိုးလင်းက မိုးချုပ်လုံးဝမနားရပါဘူး။ ကျမတို့ အခု ဖမ်းဆီးလိုက်တာနဲ့ တလအတွင်းမှာပဲ တော်တော်များများ ပြဿနာတွေ ဖြစ်လာတယ်။ လူနာတွေရဲ့ အခက်အခဲတွေ အများကြီးဖြစ်လာတယ်။ ကျမတို့ အားပြီးထလုပ်တာမဟုတ်ဘူး။ ကျမတို့ လုံးဝမအားတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှသာလျှင် ကျမတို့ တိုင်းပြည်ရဲ့အခြေအနေ ကောင်းမွန်မယ်ဆိုတာ သိတဲ့အတွက်ကို မအားတဲ့ ကြားထဲက ထလုပ်ရတာဖြစ်ပါတယ်။ ကျမတို့ အားနေလို့မဟုတ်ပါဘူး။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်မို့လို့ ကျမတို့ ထလုပ်တာဖြစ်ပါတယ်။” “ကျမတို့ ရုံးမှာဆိုလဲ ကျမတို့ရဲ့ အဖွဲ့ချုပ်မှာဆိုလဲလေ ရုံးတာဝန်တွေနဲ့သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ သူ့အလုပ်နဲ့သူ ကြပ်နေတယ်။ ကျမဆိုလဲ အဓမ္မလုပ်အားပေးတွေ လယ်သမားကိစ္စတွေ၊ ကျမတို့ကိစ္စအားလုံးအတွက် ကျမတို့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ အထွေထွေ ကြပ်တည်းနေတဲ့ ဘဝတွေက လွတ်မြောက်အောင် အားလုံးအတွက်ကို ကျမတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို မအားတဲ့ ကြားထဲကနေပြီးတော့ တောင်းဆိုပေးနေရတာဖြစ်တယ်။ အားလုံးအတွက်ကို လုပ်ပေးနေတာ ကျမတို့က အားလို့လုပ်နေတာမဟုတ်ဘူးဆိုတာမျိုးကိုတော့ ကျမပြောချင်ပါတယ်။”

ဟုတ်ကဲ့ မစုစုနွေးတို့အနေနဲ့က ပြည်သူတွေကို စည်းရုံးနေတယ်ပေါ့နော်။ အခုဟာက အစိုးရကလဲ ဝတ်ပြုဆုတောင်းပွဲတွေကို တားတာဆီးတာ၊ ဖမ်းတာဆီးတာတွေကလဲ ပြည်သူတွေ ငါတို့ ပြည်သူတွေကွဆိုပြီးတော့ ပြောတဲ့အသံတွေလဲ ကျနော်တို့ ကြားနေရတယ်ဆိုတော့ ပြည်သူတွေ ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ အဲဒီတော့ ဝတ်ပြုဆုတောင်းပွဲ မတိုင်ခင်ကတည်းက ပြည်သူဆိုတဲ့ အသုံးကို ဒီ ဟင်္သာတ ရိုက်နှက်မှုမှာတုန်းကလဲ ဒီ ပြည်သူတွေကပါဆိုပြီးတော့ အာဏာပိုင်တွေက သတင်းစာကနေပြီးတော့ နောက်လုပ်လို့ရှိရင် ဒီလိုမျိုး အလားတူပုံစံမျိုးတွေ ဖြစ်မယ်ဆိုတော့ ခြိမ်းခြောက်တာမျိုးတွေ ကျနော်တို့ တွေ့ရတယ်ဆိုတော့ အဲဒီလိုမျိုး ပြည်သူဆိုတဲ့ အစ်မတို့ကလဲ ပြည်သူ အစိုးရကလဲ ပြည်သူဆိုတဲ့ အခါမှာ မစုစုနွေးတို့အနေနဲ့ ဘယ်လိုမျိုးရှင်းပြပြီးတော့ ခွဲပြပြီးတော့ စည်းရုံးပါသလဲ ခင်ဗျ။

“ဟုတ်ကဲ့ ကျနော်တို့ ပြည်သူတွေပါဆိုပြီးတော့ ကျမတို့ကို တားတဲ့ အခါမှာပေါ့နော်။ ဒါ ကျမတို့ကို ပထမဦးဆုံး ပြည်သူတွေပါလို့တားတယ်။ တားပြီးတော့ ကျမတို့ကို အတင်း အဓမ္မ ဆွဲအတင်ခံရတယ်။ အဲဒီအချိန်မှာ ပြည်သူတွေပါဆိုပြီးတော့ တားတဲ့လူတွေက ကျမတို့ ကျိုက္ကဆံ စစ်ကြောရေးကို ရောက်သွားတဲ့အခါမှာ ကျမကနေပြီးတော့ သက်ဆိုင်ရာ ကျမတို့ကို လာစစ်ဆေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျမက ပြောတယ်။ ကျမတို့ ပြည်သူတွေပါဆိုပြီးတော့ တားလိုက်တဲ့လူတွေနဲ့ ကျမတို့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးပါ။ အဲလို မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးမှသာ တဦးက မှားတယ်၊ တဦးက မှန်တယ်ဆိုတာ နားထောင်ပြီးတော့ အပြစ်ရှိတဲ့လူကို အပြစ်ပေးပါပေါ့။ အဲလိုမျိုးပြောပါတယ်။ အဲလို ပြောတဲ့အခါမှာ ကျမတို့ကို တာဝန်ယူစစ်ဆေးနေတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ဒီလူတွေဟာ ဘယ်သူတွေပါ။ သူတို့က ဘယ်ကပါလို့ ကျမတို့ကို ဖြေရှင်းပြတာမျိုးမပြောပြနိုင်ပါဘူး။ ပြည်သူ့အရေခြုံပြီးတော့ပေါ့နော်။ စစ်မှန်တဲ့ ပြည်သူတွေ၊ ရိုးသားတဲ့ ပြည်သူတွေကို အမည်းရောင်ဆိုးပြီးတော့ ပြည်သူကို ခုတုံးလုပ်ပြီးတော့ ကျမတို့ကို ပြည်သူချင်းတိုက်ခိုက်နေတာကို ကျမတို့က ပြည်သူတွေဆီကို ရောက်တဲ့အခါကျတော့ ကျမတို့ ပြည်သူတွေက ရိုးသားတယ်။ ဖြူစင်တယ်။ အခုလိုမျိုးအလုပ်မျိုးကို ကျမတို့ ပြည်သူတွေက မလုပ်ဘူး။ ဒါကိုလဲ ကျမတို့ ပြည်သူတွေက နားလည်ကြမှာပါလို့ ကျမတို့ ဖြေရှင်းပြပါတယ်ရှင်။ ဖြေရှင်းပြပြီးတော့ ပြည်သူအစစ်နဲ့ အတုကိုပေါ့နော်။ ကျမတို့ ပြည်သူလူထုတွေသိအောင် ဖြေရှင်းပြတယ်။ ဆွေးနွေးတယ်။ သူတို့ကျမတို့အပေါ်မှာထားတဲ့ သဘောထားတွေအပေါ်မှာ ကျမတို့သူတို့ကို ပြန်ပြောပြတယ်။ ပြည်သူအစစ်တွေကို ကျမတို့ပြန်ပြောပြတယ်။”

ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အခု မဆူးပွင့်က မဖြူဖြူသင်းကို အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ ပြည်ပရောက်အမျိုးသမီးတယောက်အနေနဲ့ သူချင်တဲ့ဟာကို မေးပါလိမ့်မယ်ခင်ဗျ။

“ဟုတ်ကဲ့ ကျမတို့ ဒီနေ့ ပြည်ထဲမှာဆိုလို့ရှိရင် အဓမ္မလုပ်အားပေးစေခိုင်းတဲ့ကိစ္စတွေ အခုနကလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ ကိစ္စတွေ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာသည်တွေအပေါ်မှာ လစ်လျူရှု၊ ဥပေက္ခာပြုထားတဲ့ကိစ္စတွေပေါ့နော်၊ ဒါတွေကို အခြေခံပြီးတော့ ဒီလိုပြဿနာတွေအားလုံးဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်ဆိုတဲ့ အဆင့်ကို ရောက်လာအောင် ဒီ မဖြူဖြူသင်းတို့ အနေနဲ့ လူထုထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့သလဲ ဆိုတာ ကျမသိချင်ပါတယ်။”

“အဓိက ကတော့ ကျမအနေနဲ့ ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူနာတွေ တော်တော်များများဟာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲဆိုတော့ ဒီရောဂါအကြောင်းကို ဘာမှမသိရဘူး။ သေဆုံးတဲ့အခါမှာလဲ ဘာကြောင့်သေဆုံးမှန်းကို မသိတဲ့ အခြေအနေတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးကျမတို့ဆီရောက်လာတဲ့ အခါမှာ ကျမ လူနာတွေကို သေသေချာချာ ပြောပြတယ်။ အဓိက တာဝန်ရှိတာက လက်ရှိတာဝန်ယူထားတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ အဲလိုပဲ သူတို့မဖြေရှင်းပေးဘူး။ မဖြေရှင်းပေးလို့ရှိရင် ကျမတို့ ဒီလူနာတွေ ကိုယ်တိုင်ကလဲ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။

နောက်တခုကကျတော့ ကျမတို့ဆေးသောက်တဲ့လူနာတွေ ရှိနေတယ်။ တခြားဆေး မရတဲ့သူတွေ အများကြီးပဲ။ အဲဒီဆေးမရပဲနဲ့ နေ့စဉ်သေဆုံးနေတဲ့ လူတွေအတွက်ကိုလဲ ဆေးရနေတဲ့ လူနာတွေအနေနဲ့က ပြန်ပြီး ကိုယ်ချင်းစာနာနိုင်ဖို့ သူတို့အတွက်ကို ပြန်ပြီးအကူအညီပေးနိုင်ဖို့ သူတို့အတွက် ဆေးဝါးရရှိဖို့အတွက်ကို ကိုယ့်အခွင့်အရေး ကိုယ်ရရှိဖို့အတွက်ကို ကျမ အမြဲတမ်း သူတို့ကို ပြောပြပါတယ်။ အခြားနိုင်ငံတွေမှာ ထိန်းချုပ်ထားလို့ရနေပြီ။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်။ အေအာဗွီဆေးဝါး သုံးလို့ရှိရင် ကျန်းမာရေး ပြန်လည် ကောင်းမွန်မယ်။ အလုပ်ပြန်လည်လုပ်နိုင်မယ်။ အဲလိုဟာမျိုးတွေကို တယောက်မှ အခွင့်အရေးမရဘူး။

ဒီလိုလုပ်ပေးရမှာ ကျမတို့မှာလဲ တာဝန်ရှိသလို လူနာတွေအားလုံးမှာလဲ တာဝန်ရှိတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အခွင့်အရေးရရှိဖို့အတွက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။ အဲလို ကျမက သေသေချာချာ ပြောပြတဲ့အခါကျတော့ လူနာတွေ တော်တော်များများလဲ သိလာတယ်။ အခုနောက်ပိုင်းဆိုလို့ရှိရင် သူတို့ကိုယ်တိုင် သူတို့သိလာတယ်။ ဆေးရဖို့အတွက် သူတို့ ကြိုးစားကြမယ်။ သူတို့နဲ့ ဘဝတူလူတွေကိုလဲ သူတို့ပြန်ပြီးတော့ သူတို့ရပ်ရွာတွေရောက်တဲ့အခါမှာ သူတို့ ပြန်ပြီးတော့ ကြိုးစားပေးတယ်။ ကျမနဲ့ အမြဲတမ်းအဆက်အသွယ် မပြတ်လုပ်ပေးနိုင်တယ်ဆိုတာ ကျမ အဲလိုနည်းနဲ့ သူတို့ကို ဒါကတော့ လူမှုရေးနဲ့ ဆက်သွယ်ပြီး၊ နိုင်ငံရေးအကြောင်းပေါ့နော်။ သူတို့ကို အမြဲတမ်းကျမ ရှင်းပြပေးပါတယ်။”

ဟုတ်ကဲ့ အခုလိုမျိုး မအားမလပ်တဲ့ ကြားကနေပြီးတော့ အချိန်ပေးပြီတော့ ဒီမိုကရက်တစ် မြန်မာ့အသံ အစီအစဉ်တခုမှာ တက်တက်ကြွကြွနဲ့ ပါဝင် ဆွေးနွေးပေးခဲ့ကြတဲ့ မစုစုနွေးနဲ့ မဖြူဖူသင်း ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ စတူဒီယိုကို လာရောက်ဆွေးနွေးပေးတဲ့ မဆူးပွင့်တို့ သုံးဦးစလုံးကို ကျနော်တို့ ဝိုင်းတော်သား အားလုံးကနေပြီးတော့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီ့ထက်ပိုပြီးတော့ လောကဓံကို ပိုပိုပြီးတော့ ကြံ့ကြံ့ခံနိုင်ပါစေဆိုပြီးတော့လဲ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

Read More...

Friday, June 8, 2007

su su nway was freed


လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ပြန်လည်လွတ်မြောက်လာ

ဉာဏ်မောင်။ yoma 3, ဇွန် ၈၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေးအတွက် လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ၊ ထင်ရှား သည့် လူ့အခွင့်အရေးဆောင်ရွက်သူ မစုစုနွေး လွတ်မြောက် လာခဲ့သည်။

စစ်အစိုးရက သူမနှင့် (NLD)ပါတီဝင်များအား ဖမ်းဆီးခဲ့ပြီး နောက် ကျန်းမာရေးကြောင့် ဆေးရုံတက်ရောက်ကုသနေစဉ် ယမန်နေ့က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်လ (၁၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားတွင် ၀တ်ပြုဆုတောင်းရန် သူမနှင့်အတူ သွားရောက်ခဲ့ရာ အာဏာ ပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အခြား (NLD)ပါတီဝင်များကိုမူ စစ်အစိုးရက ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်သည်။

“စုစုနွေးကို စောင့်နေတဲ့ ရဲလုံခြုံရေးအစောင့်အရှောက်တွေ ဒီနေ့ ရုတ်သိမ်းလိုက်ပါတယ်။ သူမကိုလဲ ဖမ်းဆီးချုပ်နှောင်ထားမှုမရှိတော့ဘူး၊ သူမဟာ ဆရာဝန် ညွှန်ကြားချက်အရ ဆေးရုံမှာဘဲ ဆက်လက်ဆေးကုသခံနေရဦးမှာပါ”ဟု (NLD)ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်းက ဆိုသည်။

ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည့်အတွက် စုစုနွေးနှင့်အတူ အဖမ်းခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးရန် တောင်းဆိုကြောင်း ဦးမြင့်သိန်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံအနှံ့ လှုပ်ရှားသူများကို ခြိမ်းခြောက်ဟန့်တားခြင်း၊ ဖမ်းဆီးခြင်းများကို ပြီးခဲ့သည့်လအတွင်း အပြင်းအထန် ပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ တောင်းဆိုဖိအားပေးနေသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို တနှစ်ထပ်မံတိုးမြှင့်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

ဆူပူလှုပ်ရှားသူများဟု စစ်အစိုးရက သဘောထားကွဲလွဲသူများအပေါ် အမြဲတစေ ပုတ်ခတ် ပြောဆိုခဲ့ပြီး နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား ကန့်သတ်ပိတ်ပင်ကာ ၄င်းတို့ဖွဲ့စည်းထားသည့် အသင်းအပင်းများဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ဖန်တီးခဲ့ရာတွင် ပြည်သူအမည်ခံကာ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများကို နိုင်ငံအနှံ့ပြုလုပ်ခဲ့သည်။

နိုင်ငံတကာမှ နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေသည့်အချိန် တွင် စစ်အစိုးရက ပြီးခဲ့သည့်တလအတွင်း နိုင်ငံရေးလှုပ်ရှားသူ (၉၉)ဦးကို ဖမ်းဆီးခဲ့ပြီး (၂၄)ဦး ကို ပြန်လွှတ်ကာ (၃)ဦးကို ထောင်ဒဏ်အပြစ်ချမှတ်ခဲ့ပြီး (၇၃)ဦးမှာ ချုပ်နှောင်ခံထားရဆဲဖြစ် သည်ဟု ယခုလဆန်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ထုတ်ပြန်ခဲ့သည်။


Read More...

Tuesday, May 8, 2007

Daw Suu T Shirt

ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီ ဝတ်လျှင် ဘုရားတက်ခွင့်မပြု
Kaowao မေ ၈၊ ၂၀၀၇

ဒီနေ့ မနက် ၁၀ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသော အင်္ကျီကို ဝတ်ပြီး ရွှေတိဂုံဘုရားတက်လာသော အမျိုးသမီး ၇ ဦးကို ဘုရားဂေါပကတွေက တက်ခွင့်တားမြစ်လိုက်သည်။

အဆိုပါအမျိုးသမီး ၇ ဦးထဲတွင် မစုစုနွေး၊ ဒေါ်အုန်းလှတို့လည်း ပါဝင်ကြောင်း ရန်ကုန်မှလာသောသတင်းအရ သိရသည်။

“ဂေါပကတွေကတော့ ဘုရားပေါ် တက်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ပုံပါအင်္ကျီကို ချွတ်ဖို့ တောင်းဆိုပါတယ်။ အမျိုးသမီးတွေကတော့ ပထမမှာ တင်းခံပေမဲ့ နောက်ပိုင်းမှာ အလျော့ပေးလိုက်ကြတယ်”ဟု နီးစပ်သူတစ်ဦး ပြောကြားသည်။

ဒေါ်အုန်းလှသည် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရား၏ အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အပါတ်စဉ် ဆုတောင်းနေကျဖြစ်သည်။ ယခင်က ဆုတောင်းရာမှာ ရွှေတိဂုံဘုရားဂေါပကတွေနဲ့ မကြာခဏ ပြဿနာတက်ခဲ့ဖူးကြောင်း သိရသည်။

လွန်ခဲ့သောအပတ်က မစုစုနွေးသည် ဒေါ်အောင်ဆန်းစုကြည် ပုံပါသော အင်္ကျီ ဝတ်ပြီး ဆူးလေဘုရားတွင် ဆုတောင်းခဲ့သည်။

Read More...

Monday, February 12, 2007

on Union Day

suu suu nway on union_day_2007 AFP Photo

Read More...

Thursday, December 7, 2006

John Humphrey award goes to Su Su Nway

မစုစုနွေးအား John Humphrey ဆု ချီးမြှင့်တဲ့ အခမ်းအနား ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်
ဗွီအိုအေ
၇ ဒီဇင်ဘာ ၂ဝဝ၆

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ပြန်ပြီး တရားစွဲဆိုခဲ့သူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာသူ မစုစုနွေးကို ကနေဒါနိုင်ငံ အခြေစိုက် Human Rights and Democracy လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့ကြီးက ဂျွန်ဟန်ဖရီ
လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ ကျနော်တို့ အခု အသံလွှင့်နေတဲ့အချိန်မှာ အဲဒီ ဆုပေးပွဲ အခမ်းအနားကို ကျင်းပနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားနဲ့ ဆက်သွယ်ပြီးတော့ ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အခု ကျနော်တို့ အသံလွှင့်နေတဲ့အချိန်မှာပဲ ကနေဒါနိုင်ငံ အော်တဝါမြို့
စီဗယ်လိုက်ဇေးရှင်း ပြတိုက်ခန်းမမှာ ဆုပေးပွဲအခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
ကနေဒါ စံတော်ချိန် ညနေ ခြောက်နာရီခွဲ၊ မြန်မာ နိုင်ငံမှာ ဒီဇင်ဘာ ၇ ရက်၊ ကြာသာပတေးနေ့ မနက်အချိန်မှာပါ၊ ဒီအခမ်းအနားမှာ ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် သတင်းထောက် ဦးကျော်မိုးကို ကျနော်တို့ ဆက်သွယ်မေးကြည့်ပါမယ်။

“အော်တဝါမြို့ရဲ့ စီဗယ်လိုက်ဇေးရှင်း ပြတိုက်မှာပေါ့နော် ဒါဟာ မြို့မျက်နှာဖုံးခန်းမကြီးမှာ
အဖွဲ့ဥက္ကဌ နဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေ၊ နောက် ကနေဒါမှာ မြန်မာ့အရေးကို လုပ်နေတဲ့
အလုပ်သမားသမဂတွေ ပုဂိုလ်တွေလည်း လာကြပါတယ်။ ကနေဒါ အော်တဝါမြို့မှာရှိတဲ့ မြန်မာ
မိသားစုတွေကလည်း ဒီမှာ အိုးစည်ဒိုးပတ်ဝိုင်းနဲ့ အငြိမ့်တွေ၊ မယ်ဒလင်တွေနဲ့ ဧည့်ခံပွဲ လုပ်ကြပါတယ်။

အဲတော့ ဒီနေ့က ကျတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ စုစုနွေးရဲ့ သတ္တိကို ချီးမွမ်းတဲ့အပြင် တချိန်တည်းမှာပဲ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို ကနေဒါနိုင်ငံရဲ့ နာမည်အကြီးဆုံး စီဗယ်လိုက်ဇေးရှင်း ပြတိုက်မှာ ပြသခွင့်ရတဲ့နေ့ဆိုတော့ တက်တက်ကြွကြွ ဖြစ်နေကြတယ်။ ”

ကိုကျော်မိုး ပြောပြသွားတာပါ။

ဂျွန်ဟန်ဖရီ လူ့အခွင့်အရေးဆုဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားသူတွေ၊
တသီးပုဂလနဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြင့်တဲ့ ဆု ဖြစ်ပါတယ်။ ကုလသမဂ လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်း ရဲ့ ပထမမူကြမ်းကို ပြင်ဆင်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေပါမောက္ခ ဂျွန် ပီတာ ဟန်ဖရီ ကို ဂုဏ်ပြုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အဖွဲ့ကြီးက
နှစ်စဉ် ဆု ချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီ ဆုပေးပွဲ မကျင်းပခင် နာရီပိုင်းကပဲ အဖွဲ့ကြီးရဲ့ ဥက္ကဌ မစ္စတာ ဂျင်းလူစီရေး
ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ သူက ဒီနှစ်အတွက် ကမ္ဘာတဝှမ်း က
ဆုပေးထိုက်တယ် ဆိုပြီး အဆိုပြုတဲ့သူ ၁၂ဝ ရှိခဲ့တဲ့အထဲက သေချာစီစစ်ပြီး မြန်မာနိုင်ငံက မစုစုနွေးကို ဆုချီးမြှင့်ခဲ့တာ လို့ ပြောပါတယ်။ ဒါ့အပြင် -

“ဒီနှစ်ဆယ့်တစ်ရာစုမှာ အဓမ္မ လုပ်အားပေးခိုင်းစေတာတွေကို ဆန့်ကျင်တိုက်ပွဲဝင်တာတွေဟာ သိပ်ကို အံ့သြချီးကျုးဖို့ ကောင်းပါတယ်။ ဒီလို တိုက်ပွဲဝင်တာကို ကျနော်တို့က အသိအမှတ်ပြုပါတယ်။ တချိန်တည်းမှာ ကမ္ဘာတဝှမ်းမှာ သန်းနဲ့ချီတဲ့သူတွေ သူတို့ရဲ့ အခွင့်အရေးအတွက် အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေ ကြားထဲက တိုက်ပွဲဝင်နေတယ်ဆိုတာကို ကျနော်တို့ကို သတိရစေပါတယ်” လို့ မစ္စတာ ဂျင်းလူစီရေး က ပြောသွားတာပါ။

တောင်အာဖရိက ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ လက်တင်အမေရိကနဲ့ အာဖရိကတိုက်နိုင်ငံတွေမှာ ရုန်းကန် လှုပ်ရှားခဲ့တဲ့ ဒီမိုကရေစီရေးတိုင်း ကျဆုံးခဲ့တာ မရှိပါဘူး။ မြန်မာပြည်သူတွေ မလွှဲမသွေအောင်ပွဲရရမှာပါလို့ သူက ဖြေပါတယ်။ ဒါ့အပြင် -
“အဆုံးမှာ လွတ်မြောက်ရေးဆိုတာ သေနတ်နဲ့ခြိမ်းခြောက်မှုထက် ပိုပြီး ခိုင်မာပါတယ်။ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတာကို ကျနော်တို့က သိလို့ မစုစုနွေးကို အခုလို ဆုချီးမြင့်တာပါ။ ကျနော်တို့နဲ့အတူ ကမ္ဘာပြည်သူတွေ အတူတကွ ရှိနေပါတယ်။ မြန်မာ့အရေးကို အစွမ်းကုန်ကူညီနိုင်ဖို့ နည်းလမ်းတွေ ရှာကြမှာပါ။ မြန်မာပြည်လို လူတွေ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ထွက်ပြေးပြီး ရွာတွေ ထောင်နဲ့ချီ ဖျက်ဆီးခံနေရတာတွေဟာ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ လူ့ယဉ်ကျေးမှုနိမ့်ကျတဲ့ အလယ်ခေတ်မှာ ကျန်ခဲ့သင့်ပါပြီ” လို့ ပြောဆိုသွားတာပါ။

ဆုပေးပွဲအခမ်းအနားကို ရောက်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလဲ မစုစုနွေးကို ဆု ချီးမြှင့်တဲ့အပေါ် အခုလို ပြောပါတယ်။
“မစုစုနွေးရဲ့လုပ်ဆောင်ချက်တွေ၊ သူ့ရဲ့ ပြည်သူလူထုဘက်က ရပ်တည်တယ်။ အဲဒီတော့ ကျနော်တို့အားလုံးဟာ ဂုဏ်ယူရမယ်။ ကျနော်တို့ ဒီမှာဆိုရင် အကြီးအကျယ်ပဲ ကျနော်တို့ ဒီမှာ ခန်းမထဲမှာ ရောက်နေတယ်။ ကနေဒါမှာ ဆု ပေးပွဲကို အကြီးအကျယ် လုပ်ဆောင်ရမှာ။ ကျနော်တို့အနေနဲ့ အများကြီး ဂုဏ်ယူပါတယ်။”

ဒေါက်တာစိန်ဝင်း ပြောဆိုသွားတာပါ။ ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ
ဦးတင်မောင်ထူး ကလဲ အခုလို မစုစုနွေးကို ဆုချီးမြှင့်တဲ့အတွက် ကနေဒါနိုင်ငံအတွင်းမှာ မြန်မာ့အရေးကို စိတ်ဝင်စားလာကြတယ်လို့ ပြောပါတယ်။

“ကနေဒါမှာ ဒီဆုကို ပေးလိုက်တာနဲ့ တချိန်တည်းမှာပဲ ကနေဒါ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ မြန်မာပြည်ရဲ့ အခြေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပိုပြီးတော့ သိရှိလာစေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ရက်ပိုင်းအတွင်းမှာဆိုရင် ကနေဒါမီဒီယာ တော်တော်များများ မစုစုနွေးနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရေးကြတာတွေ့ရပါတယ်။”
ဦးတင်မောင်ထူးပြောပြသွားတာပါ။ ဒီအဖွဲ့ကြီးရဲ့ အင်တာနက်စာမျက်နှာမှာတော့ ကနေဒါနိုင်ငံကို လာရောက်နိုင်ခြင်း မရှိတဲ့အကြောင်း၊ မစုစုနွေးပြောထားတဲ့ စကားတွေကို ပြန်ပြီး ဖော်ပြထားပါတယ်။ မြန်မာပြည် ဒီမိုကရေစီရတဲ့အချိန် လာခဲ့မယ်လို့ ပြောလိုက်ပါဆိုတဲ့ အမှာစကားနဲ့အတူ မစုစုနွေးရဲ့ အကြောင်းတွေကို ဖော်ပြထားတာပါ။


Read More...

Tuesday, June 6, 2006

suu suu nway was relased after 8 months in prison

ထန်းမနိုင်ရွာသူ မစုစုနွေး လွတ်မြောက်ပြီ
NEJ / ၆ ဇွန် ၂ဝဝ၆ / ၁၈း၄၅

လူ့အခွင့်အရေးအတွက် ရဲရင့်စွာတိုက်ပွဲဝင်၍ ထင်ရှားသည့် ထန်းမနိုင်ရွာသူ မစုစုနွေးကို မြန်မာစစ်အစိုးရက အင်းစိန်ထောင်မှ ယနေ့မွန်းလွဲ (၁) နာရီကျော်၌ လွှတ်ပေးလိုက်ပြီဖြစ်သည်။
မစုစုနွေးသည် ထောင်မှလွတ်လွတ်ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ ရောက်ရှိလာသည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းကပြောသည်။


၎င်းက “ထောင်အရာရှိတွေ ပြောတာက ကျင့်ထုံးဥပဒေပုဒ်မ (၁ဝ၁) ပေါ့၊ နိုင်ငံတော်သမ္မတ ရဲ့ လွတ်ငြိမ်းခွင့် ပြဋ္ဌာန်းခွင့်ဥပဒေအရ သူ့ကိုလွှတ်လိုက်တယ်။ သူက ထောင်ထဲမှာ (၇) လနဲ့ (၂၃) ရက် နေခဲ့ရတယ်။ (၁ဝ) လ ကျန်သေးတယ်။ ကျန်တဲ့ ပြစ်ဒဏ်တွေကိုလည်း ပယ်ဖျက်လိုက်တယ် လို့ ပြောတယ်” ဟု ရှင်းပြသည်။

မစုစုနွေးသည် နှလုံးရောဂါအခံကြောင့် အနည်းငယ် အားနည်းသည်မှအပ ကျန်းမာသည်ကို တွေ့ရကြောင်း မစုစုနွေး၏အမှုတွင် လိုက်ပါဆောင်ရွက်ပေးခဲ့သူတဦးဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။

မစုစုနွေးလွတ်မြောက်ခြင်းနှင့်ပတ်သက်၍ “အုပ်ချုပ်ရေးအာဏာအရ လွှတ်တယ်ဆိုတဲ့အပေါ်မှာ အန်ကယ်တို့စဉ်းစားကြည့်တာကတော့ အလုပ်သမားရေးရာတွေနဲ့ ပတ်သက်လို့ရှိရင် အာဏာပိုင်တွေက ပြုပြင်ပြောင်းလဲတဲ့ သဘောထားတွေ ရှိလာတယ်လို့ အန်ကယ်တို့ အဲဒီလောက်ပဲ တွေးလို့ရပါတယ်” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ အသက် (၃၄) နှစ်ရှိ မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ဖြစ်ပြီး အဓမ္မခိုင်းစေသည့် ကျေးရွာအာဏာပိုင်များကို ပထမ ဦးဆုံး တရားစွဲဆို အနိုင်ရခဲ့သည်။

ထို့နောက် ထန်းမနိုင်ကျေးရွာ ဥက္ကဋ္ဌက မစုစုနွေးသည် ကျေးရွာအာဏာပိုင်များကို ဆဲဆို ခြိမ်းခြောက်သည်ဟု တရားပြန်စွဲရာ မစုစုနွေးက မဟုတ်မှန်ဟု ငြင်းဆိုသော်လည်း ယမန်နှစ် အောက်တိုဘာတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တရားရုံးက ထောင်ဒဏ် (၁) နှစ်ခွဲ ချမှတ်ခဲ့ပြီး အယူခံလွှာအဆင့်ဆင့်မှာလည်း ပယ်ချခံခဲ့ရသည်။

နှလုံးရောဂါရှိနေစေကာမူ အမှန်တရားအတွက် ရဲရင့်စွာရင်ဆိုင်သည့် မစုစုနွေးသည် သူမ၏ ရပ်တည်ချက်ကြောင့် ပြည်တွင်းပြည်ပမှ ထောက်ခံမမျြားရရှိခဲ့သည်။

ယခုလ (၃) ရက်နေ့၌ ပြုလုပ်သည့် အိုင်အယ်လ်အို၏ မြန်မာ့အရေးနှင့်ပတ်သက်သည့် အထူး ကြားနာပွဲတခု ပြုလုပ်ခဲ့ပြီးနောက် ယခု မစုစုနွေး လွတ်မြောက်လာခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် လုပ်အားပေးစေခိုင်းမှုများ ပပျောက်ရန် အကြံပြုချက်များကို အစိုးရက မည်မျှလိုက်နာဆောင်ရွက်မှု ရှိသည်ကို ပြန်လည်သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသည့် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ဆက်ရှိနေသေးသည်ဟု ဆုံးဖြတ်ခဲ့သည်။

နအဖစစ်အစိုးရကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ပတ်သက်သည့် တိုင်ကြားသူများအား အရေးယူအပြစ်ပေးမှုများကို (၆) လ ဆိုင်းငံ့ပေးရန် အာဏာပိုင်များက အသင့်ရှိကြောင်း ထိုဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု သိရသည်။
စစ်အစိုးရက တိုင်တန်းသူများကို အရေးယူအပြစ်ပေးမည့် ကိစ္စများကို ရပ်ဆိုင်းထားရုံသာ မကဘဲ ယင်းကိစ္စကြောင့် ထောင်ချထားသူများကိုလည်း လွှတ်ပေးရန်လိုအပ်မည်ဟု အိုင်အယ်လ်အိုက ပြန်လည်တင်ပြခဲ့ကြောင်းသိရသည်။


Read More...