Tuesday, November 13, 2007

su su nway and bo bo win hlaing were arrested

စစ်အစိုးရ ဆန်‹ကျင်ရေး ပိုစတာကပ်သူ မစုစုနွေးနှင့် ဘိုဘိုဝင်းလှိုင်ကို ဖမ်းမိ
ဒီဗွီဘီ ၊ ၁၃ ၊ နိုဝင်ဘာ ၊ ၂ဝဝ၇

ဒီနေ့ မနက် (၆) နာရီလောက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို ရွိုင်ရယ် ဟိုတယ်မှာ စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာကပ်တဲ့ မစုစုနွေး အပါအဝင် သုံးဦးအနက် ဘိုဘိုဝင်းလှိုင်ကို အာဏာပိုင်တွေက ဖမ်းမိသွားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင်က အခုလို ပြောပြထားပါတယ်။

“သူနဲ့ ပါသွားတဲ့ ကလေး တယောက်ကနေပြီးတော့ ပြန်လာ ပြောတယ်လေ။ မနက်ကတုန်းက ပါသွားပြီး မြရိပ်ညို ဟိုတယ် ရှေ့မှာလို့ ပြောတယ်။ အလုပ်တခု သူတို့ အဲဒီမှာ သွားလုပ်ကြတာ။ စာသွားရေး တော့ အဖမ်းခံထိတာတော့ သူတယောက်ထဲလို့ ကြားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ လွတ်သွားတယ်။ စုစုနွေးနဲ့ ကိုကိုအောင် လွတ်သွားတယ်။ အဲဒါ သူတို့ နှစ်ယောက်ကနေ သတင်းပြန်ပို့လို့ ကျမ ကြားရတာ။ သူ အဲဒါ ဘာရေးတယ်ဆိုတာတော့ ကျမ မသိဘူးလေ။ သားသမီး တယောက်အတွက်တော့ ကျမ ပူပင်သောက ရောက်မိပါတယ်။ ဒါပေမဲ့ ကျမ ဂုဏ်ယူတယ်လေ။ လူအများစုအတွက်ကို လုပ်နေတဲ့အတွက် ကျမတို့ ဂုဏ်ယူပါတယ် သားတို့ အတွက်ကို စိုးရိမ်တာက သူက ကျန်းမာရေးက မကောင်းဘူးလေ။ အရင်တခါလဲ ပြန်ထွက်လာတော့ သူ တော်တော်လေး ကုယူရတယ်။ အခုတခါလဲ ထိတယ်ဆိုတော့ သူ့အတွက် ကျန်းမာရေးအတွက်ပဲ ပူပင်တယ်။ ကျန်တာတော့ ကျမသူ့ကို မိခင် တယောက် အနေနဲ့တော့ သောက ရောက်တယ်။ သူ့အတွက်ကို ကျန်တာတော့ ကျမ မပြောလိုတော့ပါဘူး။”

ဒါကတော့ အခု မနက်ပိုင်းက အဖမ်းဆီးခံလိုက်ရတဲ့ ဘိုဘိုဝင်းလှိုင်ရဲ့ မိခင် ဒေါ်နီနီလှိုင် က ပြောပြသွားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက် ဆောင်ရွက်ခဲ့သူ (၃) ဦးကတော့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၊ ကိုဘိုဘို ဝင်းလှိုင်နဲ့ တက္ကသိုလ်ကျောင်းသား ကိုကိုဝင်းလှိုင်တို့ ဖြစ်ပါတယ်။ ဘိုဘိုဝင်းလှိုင်က ချော်လဲပြီး ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

အခု အဖမ်းခံရတဲ့ ဘိုဘိုဝင်းလှိုင်ဟာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ သူဟာ လှည်းတန်းက လောင်စာဆီ ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲ တုန်းကလဲ တကြိမ် အဖမ်းခံခဲ့ရပြီး၊ တလလောက် ထိန်းသိမ်းရေး စခန်းတခုမှာ နေထိုင်ခဲ့ရပါတယ်။ ကိုကိုအောင်ကတော့ လမ်းလျှောက် ဆန္ဒပြပွဲနဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီဝင် ဦးကြင်လှိုင်ရဲ့သား ဖြစ်ပါတယ်။ သူ ရှောင်တိမ်း လွတ်မြောက်ခဲ့ပေမဲ့ ကိုကိုအောင် နေထိုင်ရာအိမ်ကို ထောက်လှမ်ရေး ရဲတွေက အခု မနက်ပိုင်းကနေ တောက်လျှောက် လာရောက် ရှာဖွေ နေကြတယ်လို့လဲ ကိုကိုအောင်ရဲ့ မိခင်၊ ကိုကိုအောင်ရဲ့ အဒေါ်ဖြစ်သူ မသန္တာဝင်းက အခုလို ပြောပြပါတယ်။

“ဘာအတွက်ရယ်လို့တော့ မမေးဘူးပေါ့နော်၊ လမ်းထဲကလူကို မေးတယ်။ ကိုကိုအောင်ကို သိလားပေါ့။ လမ်းထဲကလူကို မေးတယ်။ ချိန်းထားတဲ့ လူတယောက်က ခေါ်ခိုင်းလို့ လို့ အဲဒီလိုပြောတယ်။ အဲဒီ လူကလဲ ကိုကိုအောင်ဆိုတာ မသိဘူးပေါ့နော်၊ ကြားလဲ မကြားဖူးဘူး ဆိုပြီးတော့ အဲဒီလို ပြန်ပြောလိုက်တယ်။ ကိုကိုအောင်ကလဲ လိုပါတယ်။ ကိုကိုအောင်က ဘယ်လိုလဲဆိုတော့ သူ ကျူရှင်တက်နေတာတွေ၊ သူ သင်တန်းတက်နေတာတွေ၊ စာအုပ်စာတမ်းတွေ၊ စာရွက်တွေ၊ လွယ်အိတ် တွေက အကုန် ပါသွားတယ်။ ကားပေါ်မှာ ကျန်ခဲ့တယ်လို့ ပြောတယ်။ လူကတော့ လွတ်လာခဲ့တယ်။ ကိုကိုအောင် ရှောင်နေရတယ်။ ရဲတွေ ကတော့ သူတို့ ဘယ်လိုလဲဆိုတော့ ဘက်ဖက်ရည်ဆိုင်တွေမှာ ထိုင်တယ်၊ ရဆကသအးမ္မာ±ုံတွေမှာ စောင့်နေတယ်။ လမ်းထိပ်တွေမှာ စောင့်နေတယ်ပေါ့နော်။ ဒါပေမဲ့ ရာအိမ်မှူးအိမ်ကိုတော့ ဟန်းဖုန်းနဲ့ အဲဒီ (Informer) သတင်းလာ ပေးတယ်ပေါ့နော်။”

ဒါကတော့ ဒီကနေ့ မနက်ပိုင်းက စစ်အစိုးရ ဆန့်ကျင်ရေး ပိုစတာ ကပ်ဖို့ ကြိုးစားတာကြောင့် ရှောင်တိမ်းနေရတဲ့ ကိုကိုအောင်ရဲ့ အဒေါ် မသန္တာဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အတည် မပြုနိုင်သေးတဲ့ သတင်းတခုကတော့ မစုစုနွေးဟာ ကားနဲ့ ထွက်ပြေးစဉ် ကုက္ကိုင်းလမ်းဆုံမှာ ဖမ်းဆီးခံရတယ်လို့လဲ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ် မြန်မာ့အသံက အတည်ပြုချက် ရရှိဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

1 comment:

Anonymous said...

Good for people to know.