Saturday, September 15, 2007

appeal to the people

မစုစုနွေးမှ မြန်မာပြည်သူများသို့ တိုက်တွန်းပန်ကြားချက်
ဒီဗွီဘီ ၊ ၁၅ ၊ စက်တင်ဘာ ၊ ၂ဝဝ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူ့အခွင့်အရေး လှုပ်ရှားနေသူ စုစုနွေးမှ ပြည်သူသို့ ဒီကနေ့ နေ့စွဲနဲ့ ပန်ကြားချက်တစောင် ပေးပို့လိုက်ပါတယ်။

ကျမတို့ရဲ့ နိုင်ငံတွင်း လက်ရှိကာလအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေ၊ (၈၈) မျိုးဆက် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ၊ ရဟန်းသံဃာတွေရဲ့ လှုပ်ရှားမှုတွေဟာ ဒီနေ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဘဝကို ကိုယ်စားðပတယ်ဆိုတာကို နအဖ စစ်ခေါင်းဆောင်တွေလဲ သိသလို၊ ပြည်သူ လူထုကြီးလဲ သိတယ်ဆိုတာ ကျမတို့ အနေနဲ့ အထူးပြောစရာ မလိုတဲ့ကိစ္စတခုပါ။

ကိုယ့်ရဲ့ ရပိုင်ခွင့်အခွင့်အရေး နဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေမှာ ဘယ်သူတွေက စည်းကမ်းမဲ့ပြီး ဘယ်သူတွေက စည်းကမ်းရှိတာလဲ။ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မျှော်လင့်နေတာလဲ ဆိုတာ ပြည်သူလူထုရဲ့ ရင်ထဲမှာ သိရှိပြီးသား ဖြစ်မယ်ဆိုတာကို ကျမပြောချင်ပါတယ်။ Human Rights Declaration အပိုဒ်(၂၁) အရ အုပ်ချုပ်မှုရဲ့ အရဆကသအိးပ္ပါယ်ကို ပြည်သူ လူထုရဲ့ဆန္ဒဟာ အစိုးရအာဏာရဲ့ အခြေခံသဘောတရား ဖြစ်တယ်လို့ ဖွင့်ဆိုထာတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဘဝကို လစ်လျူရှုတဲ့ အစိုးရဟာ အဓမ္မအုပ်စိုးတဲ့ အစိုးရ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုပြီး အာဏာကို ကိုးကွယ်တဲ့ အစိုးရပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိရဲ့ အတိုက်အခံ အင်အားစုတွေကို ထစ်ကနဲ့ရှိ ဖမ်းဆီးမယ်၊ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေကို ဖြစ်စေ၊ ဆန္ဒဖော်ထုတ်မှုတွေကိုပဲ ဖြစ်စေ ထစ်ကနဲ အကြမ်းဖက် ဖြိုခွင်းမယ်ဆိုတဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ နအဖရဲ့မူနဲ့ နအဖရဲ့ လမ်းပြမြေပုံဟာ ဘယ်အထိ ခရီးပေါက်တယ်ဆိုတာ တိုင်းရင်းသား ပြည်သူတရပ်လုံး စဉ်းစားဖို့ အချိန်တန်ပြီလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။

No comments: