Monday, October 13, 2008

Su Su Nway refuses for medical treatment

စုစုနွေး အင်းစိန်ထောင်မှာ ဆေးကုသမှုခံယူဖို့ ငြင်းဆန် ဆန္ဒပြနေ
RFA 2008-10-10

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မစုစုနွေးဟာ အောက်တိုဘာ ၈ရက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရုံးထုတ်ရာမှာ တရားရုံးကို ရောက်မလာခဲ့ဘူးလို့ မစုစုနွေးရဲ့ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေး ယခင်တကြိမ် ထောင်မှ လွတ်လာပြီး ၂ဝဝ၇နှစ် ဇွန်လ ၈ရက်နေ့က ဆေးရုံပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ကျန်းမာရေးမကောင်းတဲ့ မစုစုနွေးဟာ အာဏာပိုင်တွေရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကို ဆန့်ကျင်ပြီး ထောင်တွင်းမှာ ဆေးကုသမှု ခံယူဖို့ ငြင်းဆန် ဆန္ဒပြနေတယ်လို့လည်း သူ့အစ်မဖြစ်သူ မဌေးဌေးကြည်က ပြောပါတယ်။

မဌေးဌေးကြည်ဟာ လုပ်အားပေးကိစ္စတခုကို ILO ကို သွားရောက်တိုင်တန်းခဲ့မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ သိရှိသွားတာကြောင့် လွန်ခဲ့တဲ့ နှစ်လကျော်ကစလို့ မစုစုနွေးနဲ့ ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ခံထားရပါတယ်။

No comments: